ခံစားချက်တို့
အကုန်စုလို့
ရေလိုက်မိသည့်
ကဗျာတစ်ပုဒ်........။
လွမ်းဆွတ်မှုများ
အပျံစားနဲ့
ကျူးရင့်လိုက်တဲ့
လွမ်းတေးတစ်ပုဒ်......။
ချစ်သူလေးနဲ့
နီးစပ်ဖို့ရန်
တိတ်တဆိတ်နှင့်
ရွတ်ကာဆိုသည့်
ဆုတောင်းတစ်ပုဒ်........။
ဒါတွေအားလုံး
ပြီးဆုံးသွားချိန်
ငါသာကြယ်တစ်ပွင့်
ဖြစ်ခဲ့မယ်ဆိုရင်တောင်
စုတေကြွေကျ
မြေခဖို့အသင့်ပါ...........။
0 comments:
Post a Comment