ညီမလေးရေ......
မမြင်နိုင်တဲ့နှောင်ကြိုးတစ်ခု
ရင်မှာနှောင်ဖွဲ့လို့
လွမ်းဆွေးရအောင်
ဖမ်းစားနိုင်လွန်းလှပါတယ်....။
ကောင်းကင်မှာ
ကြယ်တာရာတွေ
တစ်ရာနှစ်ရာမကပါဘူး....။
ခံစားမှုနဲ့နစ်မြောနေတဲ့
ဘယ်ဘက်ရင်အုံက
နှလုံးသားအစုံမှာလဲ
ညီမလေးအတွက်
ပျိုးခဲ့တဲ့ ပန်းပေါင်းစုံက
လေလူးတိုင်းပျော်မြူးနေကြလေရဲ့....။
တမြန်နေ့ကကြွေခဲ့တဲ့
မျက်ရည်ဥတွေ
ကောင်းကင်ကြီးငိုခဲ့တဲ့
မိုးရည်စက်တွေ
နှလုံးသားရဲ့ ခံစားချက်တွေ
အားလုံးရောစွက်လို့
မြောသွားတဲ့အခါ
ညီမလေးကိုအရမ်းလွမ်းတယ်...။
ယနေ့သည်......
Wednesday, May 20, 2009
.
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment