အဖေ နဲ့ အမေ
အဖေနဲ့အမေ
ကျွန်တော်ဟာရေစီးကြမ်းတဲ့
မြစ်တစ်ခု.......။
တိုက်စားတတ်တဲ့ မြစ်တစ်ခု
ဖြစ်ခဲ့မယ်ဆိုရင်တောင်........
အဖေနဲ့အမေ ဟာ
မြစ်ကလေးဖြစ်ပေါ်လာဖို့
အားပေးထောက်ခံထားတဲ့
ကမ်းပါးနှစ်ဖက်ပေါ့............။
မြစ်ကလေးရဲ့
ရေစီးကြောင်းက ခပ်ကြမ်းကြမ်းစီးရင်း
ကမ်းပါးနှစ်ဖက်ကို တိုက်စားသွားရင်တောင်............
ကျွန်တော့်ရဲ့
ဆယ်ကျော်သက်စိတ်နဲ့ ခပ်မိုက်မိုက်
ဆိုးသွမ်းလို့ စိတ်ဒုက်ခ ရောက်နေရင်တောင်...........။
ကမ်းပါးလေးတွေက မညည်းမညူ
ပြိုကျပျက်စီးခံသွားကြ သလို
အဖေနဲ့ အမေ ကသားကို....
ထာဝရ မိဘစိတ်နဲ့
အပြစ်မမြင် ဆက်ချစ်နေမှာ
သား......သိလျက်ပါ
အဖေနဲ့အမေ.......။
အဖေနဲ့အမေ
ကျွန်တော်ဟာ ဓါးတစ်ချောင်း
ဖြစ်ခဲ့မယ်ဆိုရင် ....
အဖေဟာ......ကျွန်တော်(ဓါးကလေး) အတွက်
ဓါးသွေးသမား.........
အမေ ဟာကျွန်တော်(ဓါးကလေး) အတွက်
ဓါးသွေးကျောက်...........
အဖေဟာ
ကျွန်တော်(ဓါးကလေး) ထက်မြတ်ဖို့အတွက်
အားအင်အကုန်ခံ အချိန်တစ်ချို့အကုန်ခံလို့
ကြိုးစားပမ်းစား သွေးခဲ့ရတယ်........။
အမေ ဟာ....
ကျွန်တော်(ဓါးကလေး) ထက်မြတ်ဖို့အတွက်
ကိုယ်တိုင် အပွန်းခံ အပူခံလို့
အနစ်နာခံကာ ပြုစုခဲ့တယ်...........။
အဖေနဲ့အမေ ဟာ
ကျွန်တော့် ဘ၀ မိုးကောင်းကင်ပါ....။
ကျွန်တော့် ဘ၀ စကြ၀ဠာပါ....။
ကျွန်တော့် ဘ၀ လမ်းပြကြယ်ပါ....။
မိဘကျေးဇူး သည်လောက်ကြီးသည်ကို
ကျွန်တော်သိသည်.........။
so ကျွန်တော် စဉ်းစားမိသည်
ဘယ်လိုများကျေူဇူး ဆပ်ရမလဲလို့ပေါ့.........။
0 comments:
Post a Comment