တိမ်တွေတောင် ငိုနေတယ်.............။
ကောင်းကင်လည်း ပြိုနေတယ်.............။
အလွမ်းတွေလည်း ငွေ့ရည်ဖွဲ့ပြီး
မျက်ဝန်းကနေ သက်ဆင်းလာတယ်..........။
ငါ လွမ်းနေတာ
တိမ်တွေသိသလာ.....................။
ကောင်းကင်ကြီးရော သိရဲ့လား............။
တကယ်တော့မသိကြပါဘူး..................။
သူတို့မှမဟုတ်..........
ဘယ်သူမှ ကိုမသိကြပါဘူး.............။
ငါကိုယ်တိုင်က
အလွမ်းဆိုတဲ့ အနာမီးကို
သိုထားခဲ့မိတာကိုး...........။
နူးညံ့တဲ့ ငါ့နှလုံးသားက လောင်စာ..........။
ဘေးလူတွေပြောစကားက မြောက်လေ.........။
ငါ့ရဲ့ အလွမ်းတွေကို
ဘေးစကားတွေတိုက်ခတ်လာတော့..........
နှလုံးသားတစ်စုံလည်း
ပြာမကျသေးဘူးဆိုပေမယ့်...........
မီးကျွမ်းပြီး ယမကာ နစ်နေတဲ့ အသည်းလို
ပုံပျက်နေပါပြီ...........။
0 comments:
Post a Comment