ဒီလိုပြောင်းတဲ့ကိစ္စကို အခြားသူတွေတင်ပြီးရင်လဲ တင်ပြီးမှာပါ....။ ဒါပေမယ့် ကျွန်တော် မတွေ့သေးတဲ့ အတွက် အကိုတစ်ယောက်ဆီကသိရတဲ့အတိုင်း ကျွန်တော်ပြန်တင်ပေးမှာ ဖြစ်ပါတယ်...။
ပထမဆုံးအနေနဲ့ www.co.cc မှာ သင့်စိတ်ကြိုက် domain name တစ်ခုကိုယူကြည့်ပါ...။ အချို့ name များကို free ရ၍ အချို့ကိုမူမရပါ......။ အကယ်၍ သင်ရွေးသည့်နာမည် ရလျှင် continue regristation ကိုဆက်လုပ်သွားပါ...။ မူလက co.cc ၌ account ရှိပြီးဖြစ်ပါက sign in ၀င်လိုက်ပါ...။ မရှိပါက အောက်နားမှာရှိတဲ့ create a account now ကိုနှိပ်ပြီး account တစ်ခုရယူလိုက်ပါ...။ account ရရှိပြီးပါက မိမိaccount ကို sign in ၀င်လိုက်ပါ...။ ပြီးလျှင် မိမိ domain ထဲရှိ manage domain အောက်မှ set up ကို click ပေးလိုက်ပါ...။ ထိုအခါ
1. Mannage DNS
2. Zone Records
3. URL Forwarding
ဆို၍ ပေါ်လာမည်ဖြစ်သည်...။ ယခုလုပ်လိုသည်မှာ blogspot domain အား co.cc domain ပြောင်းမည်ဖြစ်၍ zone record ထဲ၌လုပ်ရမည်ဖြစ်သည်...။ zone record ထဲဝင်လိုက်ပါက
Host
TTL
Type
Value ဆိုပြီးတွေ့ရမှာဖြစ်ပါတယ်....။ ထို့နောက် Host ဆိုသည့်နေရာတွင် မိမိ ၏ domain name ဥပမာ www.urname.co.cc ဟုထည့်ပေးလိုက်ပါ...။
TTL ဆိုသည့်နေရာတွင် 1D ..
Type ဆိုသည့်နေရာတွင် CNAME....
Value နေရာတွင် ghs.google.com ဟုဖြည့်ပါ..။ ပြီးလျှင် set up ကို click လိုက်ပါ...။ ထိုအခါ zone records တစ်ခုရရှိသွားမည်ဖြစ်သည်...။
ထို့နောက်
host နေရာတွင် urdomain.co.cc ...
TTLနေရာတွင် 1D
Type နေရာတွင် A
Value နေရာတွင် 27.14.207.121 ဟုဖြည့်လိုက်ပါ... ပြီးလျှင် set up ကို click လုပ်လိုက်ပါ....။ ထိုအခါ zone records နောက်တစ်ခုရရှိမည်ဖြစ်သည်...။ zone records စုစုပေါင်း ၄ ခုလုပ်ရမည်ဖြစ်၍ ဆက်လက်၍
host နေရာတွင် urdomain.co.cc ...
TTLနေရာတွင် 1D
Type နေရာတွင် A
Value နေရာတွင်64.233.179.121 ပြီးလျှင် set up ကို click
နောက်တစ်ခုလဲထိုနည်းလည်းကောင်းပါပဲ
host နေရာတွင် urdomain.co.cc ...
TTLနေရာတွင် 1D
Type နေရာတွင် A
Value နေရာတွင် 66.249.81.121 လုပ်ပြီး set up ကို click လုပ်လိုက်လျှင်ရပြီဖြစ်သည်...။
ကျန်သည်ကတော့ blogger ဘက်မှပြင်ဆင်ရန်သာဖြစ်သည်...။ မိမိ၏ blogger ကိုဖွင့်၍ setting > publishing ကိုသွားပါ...။ ပြီးလျှင် custom domain ကိုဝင်လိုက်ပါ ...။ ထိုနေရာတွင် your domain ဟူသောနေရာဘေးတွင်ရှိသော blank တွင် မိမိco.cc ၌ ယူခဲ့သည့် domain လိပ်စာကို ထည့်ပေးရမည်ဖြစ်သည်...။ ထို့နောက် word verification ကိုဖြည့်ပြီး save setting လုပ်လိုက်ပါက သင်၏ blogspot အား co.cc domain သို့ပြောင်းရွှေ့ပြီးဖြစ်သည်...။ ထို domain အတွက် တခါတရံတွင် ၄၈နာရီစောင့်ပေးရတတ်င်္ပြီး တခါတရံတွင် ချက်ချင်းအသုံးပြုနိုင်မည်ဖြစ်သည်...။
မသိသေးသူများအတွက်သာ..........။
4 comments:
[...] မှာ ဘယ်လို domain name ရယူ ရမလဲဆိုတာ ကိုလေတခွန် ရဲ့ blog မှာ ရှင်းလင်းစွာ [...]
My Love Cafe မှာလဲ .co.cc နှင့် အသုံးပြုနိုင်ရန် လုပ်ပေးထားပါသည်။
.co.cc မှာ ဘယ်လို free domain ရယူနိုင်သည်ကို user များသိရှိနိုင်ရန် ဒီ post ကိုလင့်ခ်ချိတ် ထားပါတယ်။ ကျေးဇူးပါ။
http://help.mylovecafe.com/2009/11/06/mapping-co-cc/
ကျေးဇူးပဲနော် လုပ်ကြည့်တာ အဆင်ပြေပါတယ်
မေ့သွားလို့။ My Love Cafe အတွက်ထဲ့ရမယ့် Zone Records တွေကတော့ အောက်ပါအတိုင်းပါ။
Host: yourname.co.cc
TTL: 1H
Type: A
Value: 67.23.22.51
Host: www.yourname.co.cc
TTL: 1H
Type: CNAME
Value: yourname.co.cc.
Post a Comment