ယနေ့သည်......

Sunday, May 24, 2009

.

မင်းငါ့ကို မ ရူးဘူးလို့ သိလာတဲ့တစ်နေ့

ကြယ်လေးကို

ကြွေပါတော့လို့

ဆုတောင်းမိတယ်.................။

ဒါဟာ..........

ကြယ်လေးကို

ပျက်စီးစေလိုတဲ့စိတ်

တစိုးတစိမှ မရှိခဲ့ပါဘူး..........။

အခုလည်းမရှိသလို

နောင်လည်းရှိမှာ မဟုတ်ပါဘူး...........။

ငါ ကမ္ဘာ လေးထဲ

ကြယ်လေးကို

ရောက်လာစေချင်တဲ့

ရိုးသားတဲ့ ငါရဲ့

နှလုံးသား ဆန္ဒ တစ်ခုပါ ............။

ဒါဆိုရင်

မင်းက ငါ့ကို

ပြောမလား..........။

ကြယ်ကြွေ တာကို

လိုက်ကောက်ဖို့

ကြိုးစားတဲ့ ငါဟာ

အရူးပါလို့.............။

ဟုတ်ပါတယ်..........

တကယ်တော့ ငါဟာ

အရူးပါကွာ..........။

အရူးတစ်ယောက်ရဲ့

အရူး ကဗျာတစ်ပုဒ်ကို

အရူးတွေပဲခံစားနိုင်လိမ့်မယ်...............။

ဟုတ်တယ်....

ဒါပေမယ့် ငါရေးတဲ့

အရူးကဗျာတွေကို

မင်းခံစားနိုင်လာပါလိမ့်မယ်........။

မင်းငါ့ကိုမရူးဘူးလို့

လက်ခံနိုင်လာတဲ့

တစ်နေ့ပေါ့................။

0 comments:

Post a Comment