ငွေကုန်ကြေးကျ
များလွန်းလှဟု
အမည်တွင်ရာ
ဒီကျောင်းတော်မှာ
ကြောင့်ကြမရှိ
ငါတတ်ရ၏........။
ကျေးဇူးကြီးလှ မိနှင့်ဖ.........။
စားဝတ်နေရေး
ကျပ်တည်းလွန်း၏....
လူတို့ဆိုရာ
ဒီခေတ်ဒီခါ
ဒီကာလမှာ
မကြောင့်မကြ
ငါဝတ်စားလို့
နေနိုင်ပေ၏......။
ကျေးဇူးကြီးပေ
အဖေနှင့်အမေ.......။
ပရိယာယ်မာယာ
ပေါကြွယ်ကာ
ဒုက်ခ စုံရာ
လူ့လောကမှာ
ငါ့ပေါ်ကျမည့်
အန်တရာယ်အား
ရှေ့မှဆီးကာ
တား ထားတာ
အဖေနှင့်အမေပါ.....။
ငါ့ သား ငါ့သား
လမ်းမှား မသွားနှင့်
အမြဲ တားတာ
အဖေ အမေ ပါ....။
ငါ့သား ငါ့သား
စာကြိုးစားပါ
တိုက်တွန်းနေတာ
အဖေ အမေ ပါ.........။
အဖေ့ ဆန်ဒ အမေ့ဆန်ဒ
ကျွန်တော်သားလေး
လိုက်လျောနိုင်ခဲ့တာ ဘာရှိခဲ့လဲ....?
ကျွန်တော့် မေးခွန်း
ကျွန်တော် ဖြေဖို့
စကားလုံးတွေ ရှာလို့မတွေ့ဘူး...........။
တကယ်ကို ရှက်ရွံ့စရာ
သားမိုက်တစ်ယောက်ပါ......။
ခွင့်လွှတ်ပါနော်......
သား........ကြိုးစားပါတော့မယ်..........။
ငယ်ငယ်ကရေးထားတာလေးလေ... ..
0 comments:
Post a Comment