လူတစ်ယောက်သည် ကျွန်တော်ရေးသောစာတစ်ပုဒ်အား တစ်ကြိမ်တစ်ခါဖတ်ဖူးရုံဖြင့် ကောင်းလှပါသည်ဟု ဆိုလာလျှင် ကျွန်ုပ်၏စိတ်တွင်ဘ၀င်မကျလှချေ။ ထိုသို့ကြုံလာလျှင် ကျွန်တော်၏စိတ်ထဲ၌ ချီးကျူးခံရသည်ဟုမထင်တတ်။ မြှောက်ပင့်ပြောနေသည်ဟု စိတ်ထဲတွင်ထင်လာတတ်သည်။ သို့စေကာမူ လူတစ်ယောက်က ထိုသို့ဆိုလာသည့်အတွက် ကျွန်ုပ်သည်လဲ ပုထုဇဉ်တစ်ဦးဖြစ်သည်နှင့်အညီ ၀မ်းသာမှု အနည်းငယ်တော့ရှိတတ်သည်။ သို့သော်ထိုသို့ချီးကျူးခံရမှုထက် ဝေဖန်ခံရခြင်းကိုကျွန်ုပ်ပို၍နှစ်သက် မိသည်။ ဝေဖန်ခံရခြင်းကိုနှစ်သက်သည်ဟုဆိုသော်လည်း ကျွန်ုပ်သည် ဖော်ပြပြီးသည့်အတိုင်း လူများထဲမှလူ ဖြစ်သောကြောင့် တစ်စုံတစ်ဦးက စေတနာနှင့်ဝေဖန်လာလျှင်လဲ စိတ်အခန့်မသင့်က ယင်းအပေါ်တွင် ဒေါသနှင့်တုံ့ပြန်မိတတ်သည်။ ထို့အတွက်လဲစိတ်ပြေသွားချိန်၌ စိတ်မကောင်းမဖြစ်တတ်။ ကျွန်တော်မှားသွားမှန်းကိုတော့သိသည်။ ထိုသို့သိသော်လဲ အလားတူကိစ္စများကို အကြိမ်ကြိမ်ပြုခဲ့ဖူးသည်။ ထိုသို့ဆိုလျှင်တရားစကားအရ ကျွန်တော်သည် လူမိုက်ဖြစ်သည်။
ကျွန်ုပ်ကဲသို့သောလူမိုက်များလဲ ဤကမ္ဘာပေါ်တွင် မရေတွက်နိုင်အောင်ရှိမည် ဟုထင်သည်။ လူမိုက်များကြားတွင် လူမိုက်တစ်ယောက်ဖြစ်နေခြင်းမှာ မထူးဆန်းသည့်အပြင် အပြစ်မရှိဟုလဲကျွန်တော် ယူဆသည်။ကျွန်တော့်ကြောင့်သူတို့စိတ်ကသိကအောက်ဖြစ်သည်ဆိုလျှင်လဲ ထိုသို့ ဖြစ်လာခြင်းမှာ သူတို့ကိုယ်တိုက်တွင်လဲအမှားရှိသောကြောင့်ဟု ကျွန်တော်ထင်သည်။ Newton ၏နိယာမကဲ့သို့ပင်။ actionရှိလျှင်reactionရှိမည်မှာမဆန်းပေ။ ပမာဏနည်းသည်များသည်သာကွာမည်ဖြစ်သည်။ သက်ရောက်မှုတိုင်းအတွက်တန်ပြန်သက်ရောက်မှု ကတော့သာမညလူသားများကြားတွင်အစဉ်ရှိနေမည်သာ။
အကြောင်းအရာတစ်ရပ်အား လူတစ်ယောက်နားလည်အောင် ကျွန်တော်ပြောသည့်အခါမျိုးတွင် ကျွန်တော့်အားစကားအလွန်များသူဟု မိတ်ဆွေတို့ထင်ကောင်းထင်နိုင်သည်။ ထိုသို့သောအခါမျိုး၌ ကျွန်တော်သည် နားထောင်သူ ကျွန်တော်ပြောသည့်စကားအားလက်မခံလျှင်ခံအောင်ပြောတတ်သည်။ အကြောင်းကိစ္စမရှိက ကျွန်တော်သည်အလွန် စကားနည်းလေံရှိသည်။ သို့သော် ကျွန်တော်သည် သောကြာသားဖြစ်သည်။
တစ်ခါတစ်ရံ၌ ကျွန်တော်သည် စကားပြောရင့်သီးလွန်းသည်ဟု သုံးသပ်မိသည်။ ထိုသို့ရင့်သီးမှု သည်လဲအထက်တွင်ဖော်ပြခဲ့ပြီးသည့်အတိုင်း သက်ရောက်မှုတစ်ခုအတွက် တန်ပြန်သက်ရောက်မှုဖြစ်သည်။ တစ်ခါက ကျွန်တော့်အားသူငယ်ချင်းကောင်မလေးတစ်ယောက်က လူကြီးတစ်ယောက်အား ကျွန်တော့်အဖေနှင့် တူသည်ဟု လူအများကြားတွင်ပြောလေသည်။ ထိုအခါကျွန်တော်သည် သူ့အားစကားတစ်ခွန်း ပြန်ပြောလိုက်သည်။ ငါ့အဖေဆိုနင့်အမေနဲ့ပေးစားလိုက် ဟုပင်။ ထိုသို့ပြောခံရသောမိန်းကလေး မည်သို့ခံစားရမည်နည်း။ ကျွန်တော်မသိခဲ့ပါ။သူမဟုတ်ပဲပြောခံရသူမှာမိတ်ဆွေတို့ဆိုလျှင်ရော......။ယခုအချိန်၌ ကျွန်ုပ်သာဆိုလျှင်တော့..................။
1 comments:
သူက သဘောရိုးနဲ့ ပြောတာဆိုရင်တော့ တော်တော် ဒေါသဖြစ်သွားနိုင်တယ်..(နင်လဲမကောင်းဘူး.)......မကောင်းတဲ့သဘောနဲ့ ဆိုရင်တော့ နင်ပြောသလိုဘဲ action reaction ဘဲပေါ့
Post a Comment